မဆုံနိုင်တာတော့
သေချာသလောက်ဖြစ်ခဲ့ပြီ........
မဆိုင်တဲ့မာနတွေကြောင့်
ပျောက်ပျက်သွားတဲ့...အချစ်တွေ
ဘယ်လိုနည်းနဲ့မှ
အဖတ်ဆယ်လို့ မရတော့ဘူး
တစ်ဘဝလုံးအတွက်မျှော်လင့်ချက်တွေထားခဲ့သမျှ
နောက်ဆုံးတော့လည်း
အရှုံးတွေတစ်ပွေ့တစ်ပိုက်နဲ့
နောက်ပြန်လျှောက်ခဲ့ရတာပဲနော်....
တကယ်တော့
ငါ့အချစ်တွေကို "မ"တစ်ယောက်
ဘာဖြစ်လို့ မသိခဲ့တာလည်း
"မ"ရယ်
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Thursday, July 26, 2012
Monday, July 23, 2012
လွမ်းသူ့အိမ်မက်
"မ"ရေ
နိုးတစ်ဝါးအိမ်မက်လိုပါပဲ...
"မ"နဲ့ကျွန်တော့အဖြစ်က
ဘယ်သူမှတောင်မသိလိုက်ဘူး
ကျွန်တော့နှလုံးသားတွေကြွေခဲ့တာ
မျှော်လင့်ခဲ့တဲ့ နှစ်ယောက်တစ်ဘဝ ......
အခုတော့ဘာတက်နိုင်သေးလဲ
ယုံကြည်ရာမျှော်လင့်ချက်တွေကိုးစားခဲ့သလောက်
အသိရဲ့နောက် စိတ်မလိုက်နိုင်လို့
ကျွန်တော်ထပ်ပြီး လူမိုက်ဖြစ်ရပြန်ပြီ
ကျွန်တော် "မ"ကို အရိုးသားဆုံးနဲ့ချစ်တာပါ

ရေးသားသူ>>
တောင်ငူသားလေး
Wednesday, July 18, 2012
ကာရံမဲ့အလွမ်း
"မ"ရယ်
ထာဝရအတွက်သာမဟုတ်ခဲ့ရင်
ခဏတာနဲ့ချစ်ခဲ့မိမှာမဟုတ်ဘူး
နှလုံးသားကိုအရင်းပြုပြီး
အချစ်ကို ကိုးစားခဲ့တာ
ကိုယ့်ကိုတောင်မသိတော့ဘူး
ကြယ်တစ်စင်းရဲ့အလင်းရောင်ကို
လက်ဖြန့်ရုံနဲ့မရနိုင်မှန်းသိပေမဲ့
တောင်းခံဖို့ကျတော့
ငါ့စကားလုံးတွေအဖြေရှာမရဘူးလေ.......
ဒီလိုနဲ့
နင်ထားခဲ့တဲ့ဘဝထဲမှာ
ပျော်သလိုနေရင်း
နင်နဲ့ထပ်ဆုံးအုံးမလားလို့
တိတ်တိတ်ကလေး လိုက်ရှာမိခဲ့သေးတယ်
"မ"ရယ်........
ရေးသားသူ>>
တောင်ငူသားလေး
Friday, July 6, 2012
တန်ဖိုး
ဘယ်လောက်ပဲ သစ္စာတရားတွေထားရှိခဲ့ပါစေ..
ဘယ်လောက်ပဲ အချိန်ကာလများစွာ သံယောဇဉ် ဖွဲ့တည်ခဲ့ပါစေ..
ဘယ်လောက်ပဲ ပေးစပ်ခဲ့ပါစေ တစ်ဖက်လူက တန်ဖိုးမထားလျှင် အရာမထင်ခဲ့ပါ....
ရေးသားသူ -(shinycomets@gmail.com)
ဘယ်လောက်ပဲ အချိန်ကာလများစွာ သံယောဇဉ် ဖွဲ့တည်ခဲ့ပါစေ..
ဘယ်လောက်ပဲ ပေးစပ်ခဲ့ပါစေ တစ်ဖက်လူက တန်ဖိုးမထားလျှင် အရာမထင်ခဲ့ပါ....
ရေးသားသူ -(shinycomets@gmail.com)
ရေးသားသူ>>
တောင်ငူသားလေး
"သူငယ်ချင်း"
သူငယ်ချင်းတစ်ချို့ကို
မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်ဘဲ ကောက်တွေ့ခဲ့ ကြတယ်။ သူငယ်ချင်းရဲ့
သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း တွေ ဖြစ်လာခဲ့ တယ်။
လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်း
ရှိတယ်။
လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့ သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။
အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။
ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။

Thursday, July 5, 2012
"ချစ်မမ အတွက်"
ငါ့အနားမှာနင်မရှိပေမေဲ့..နင့်အနားမှာငါအမြဲရှိနေတာ
ငါ့မျက်နှာကိုနင်မမြင်ချင်ပေမဲ့..နင့်မျက်နှာကိုငါမြင်နေရတယ်
ငါ့အကြောင်းတွေကိုနင်မတွေးနိုင်ပေမဲ့....
နင့်အကြောင်းတွေကို ငါကမိုးကောင်းကင်ကြီး ကိုကြည့်ပြီး
တွေးပေးနိုင်ပါတယ် "မ" ရယ်
သဘာဝတံတိုင်းတွေဘယ်လောက်ခြားခြား ငါချစ်နေဖို့ကအဓိကမဟုတ်လား
ငါ့အချစ်မှာအကြောင်းပြချက်မရှိဘူး
ဘာတပ်မက်မှုမှမပါပဲ ချစ်ခဲ့တာကိုယုံပေးပါ "မ"ရယ်
အတ္တမပါတဲ့ပိုင်ဆိုင်ချင်စိတ်တော့ရှိခဲ့တယ်...
ဒါပေမဲ့ငါဘာကိုမှမဖန်တီးယူခဲ့ဘူးဆိုတာ နင်အသိဆုံးပါ...
အချစ်မှာသက်သေထူဖို့မလိုပါဘူး
တိုင်းတာလို့မရတာကိုက အချစ်ရဲ့လျို့ဝှက်ချက်ပဲလေ
ဘယ်လောက်ပဲပဲဝေးဝေး နီးနီး "မ" ကိုအမြဲချစ်နေမှာပါ
ရေးသားသူ>>
တောင်ငူသားလေး
Wednesday, June 27, 2012
ချစ်သူ
-ငါ့အနားမှာနင်မပါလည်း
-ငါ့စိတ်ကနင်စေရာ
-ဝေဒနာအလွမ်းတွေနဲ့
-ဒီရင်မှာခံစားရတာ
-ကြာရင် နာတာရှည်နဲ့
-ရင်ခုန်သံတွေရပ်တော့မယ်...ချစ်သူရယ်
ရေးသားသူ>>
တောင်ငူသားလေး
Subscribe to:
Posts (Atom)