"မ"ရယ်
ထာဝရအတွက်သာမဟုတ်ခဲ့ရင်
ခဏတာနဲ့ချစ်ခဲ့မိမှာမဟုတ်ဘူး
နှလုံးသားကိုအရင်းပြုပြီး
အချစ်ကို ကိုးစားခဲ့တာ
ကိုယ့်ကိုတောင်မသိတော့ဘူး
ကြယ်တစ်စင်းရဲ့အလင်းရောင်ကို
လက်ဖြန့်ရုံနဲ့မရနိုင်မှန်းသိပေမဲ့
တောင်းခံဖို့ကျတော့
ငါ့စကားလုံးတွေအဖြေရှာမရဘူးလေ.......
ဒီလိုနဲ့
နင်ထားခဲ့တဲ့ဘဝထဲမှာ
ပျော်သလိုနေရင်း
နင်နဲ့ထပ်ဆုံးအုံးမလားလို့
တိတ်တိတ်ကလေး လိုက်ရှာမိခဲ့သေးတယ်
"မ"ရယ်........