အခုပေးမယ့် application လေးက ကွန်ပျူတာထဲမှာသွင်းရမှာပါ။
ဆော့ဝဲရဲ့နာမည်ကတော့ Android Injector လို့ခေါ်ပါတယ်။ ဒီ application လေးက
ဘာကောင်းလဲဆိုတော့ ပုံမှန်အတိုင်းဆိုရင် ဖုန်းရဲ့ SD
ကဒ်ထဲကိုကိုယ်သွင်းချင်တဲ့ .apk ကိုထည့်၊ ပြီးမှသွင်း အဲဒီလို ဒုက္ခမျိုးတွေ
မရှိတော့ပါဘူး။ ဒီ application လေးကိုသုံးပြီး ကွန်ပျူတာထဲကနေ ဖုန်းထဲကို
တိုက်ရိုက် install လုပ်လို့ရပါတယ်။ ဖုန်း SD card ထဲ ကိုယ်သွင်းချင်တဲ့
application ဖိုင်သွားထည့်နေစရာမလိုတော့ပါဘူး။ application ကို install
လုပ်ရာမှာလည်း application တစ်ခုတင်မဟုတ်ပဲ အများကြီးကို တစ်ပြိုင်တည်း
install လုပ်လို့ရပါတယ် ။ အဲဒီလိုလုပ်ချင်ရင်တော့ အောက်ပုံထဲကအတိုင်း
Selected files ကိုနှိပ်ပြီး လုပ်ရမှာပါ။ တော်တော်လန်းတဲ့ software
တစ်ခုပါ။ အောက်မှာရယူနိုင်ပါတယ်။Android Injector အားရယူရန်
အရင်ဆုံး ဒီ Android Injector လေးကို ဒေါင်းလိုက်ပါ
မိမိရဲ့ဖုန်းထဲက settings/applications/development/usb debugging ကိုတော့ check mark ပေးထားရပါမယ်ဒါမှသာ usb ချိတ်ဆက်ပီးတော့ ကွန်ပြူတာနေ install လုပ်နိုင်မှာပါ တကယ်လို့ ဒီ application လေး install လုပ်မယ့်အချိန်မှာ usb driver တောင်းလာမယ်ဆိုရင်တော့ usb driver for android လေးကို ကြိုတင် ဒေါင်းလုပ်ချထားဖို့ လိုအုံးမယ်ဆိုတာ မေ့မသွားနဲ့ အုံးနော် ။အားလုံးအဆင်ပြေပီဆိုရင်တော့ android injector.rar လေးကို ဖြည်ပီးတော့ computer မှာ install လုပ်လိုက်ပါ ပီးရင်တော့ အောက်ကပုံလေးလိုမျိုးပေါ်လာပါလိမ့်မယ်။
ပုံ(၁) မှာ ပြထားတဲ့အထဲမှာ select files ဆိုတာလေးကိုနှိပ်ပီးတော့ မိမိ install လုပ်လိုတဲ့ apk ဖိုင်များကို ရွေးပေးလိုက်ပါ ရွေးပေးပီးတယ်ဆိုရင်တော့ ဘေးမှာပါတဲ့
install to device ဆိုတဲ့ button လေးကို နှိပ်ပေးလိုက်တာနဲ့တင် ဖုန်းထဲကို app တွေ install လုပ်ပေးပါတော့မယ်။ apk files အများကြီးကို install လုပ်ခဲ့
မယ်ဆိုရင်တော့ အချိန်လေးတော့ နည်းနည်းကြာနိုင်တာပေါ့ဗျာ။ ကဲ စမ်းသပ်ကြည့်ရင်း ကြည်နူးနိုင်ကြပါစေဗျာ။