Thursday, July 5, 2012
"ချစ်မမ အတွက်"
ငါ့အနားမှာနင်မရှိပေမေဲ့..နင့်အနားမှာငါအမြဲရှိနေတာ
ငါ့မျက်နှာကိုနင်မမြင်ချင်ပေမဲ့..နင့်မျက်နှာကိုငါမြင်နေရတယ်
ငါ့အကြောင်းတွေကိုနင်မတွေးနိုင်ပေမဲ့....
နင့်အကြောင်းတွေကို ငါကမိုးကောင်းကင်ကြီး ကိုကြည့်ပြီး
တွေးပေးနိုင်ပါတယ် "မ" ရယ်
သဘာဝတံတိုင်းတွေဘယ်လောက်ခြားခြား ငါချစ်နေဖို့ကအဓိကမဟုတ်လား
ငါ့အချစ်မှာအကြောင်းပြချက်မရှိဘူး
ဘာတပ်မက်မှုမှမပါပဲ ချစ်ခဲ့တာကိုယုံပေးပါ "မ"ရယ်
အတ္တမပါတဲ့ပိုင်ဆိုင်ချင်စိတ်တော့ရှိခဲ့တယ်...
ဒါပေမဲ့ငါဘာကိုမှမဖန်တီးယူခဲ့ဘူးဆိုတာ နင်အသိဆုံးပါ...
အချစ်မှာသက်သေထူဖို့မလိုပါဘူး
တိုင်းတာလို့မရတာကိုက အချစ်ရဲ့လျို့ဝှက်ချက်ပဲလေ
ဘယ်လောက်ပဲပဲဝေးဝေး နီးနီး "မ" ကိုအမြဲချစ်နေမှာပါ
ရေးသားသူ>>
တောင်ငူသားလေး